top of page

အလုပ်အကိုင်ရှာဖွေနေသူများအတွက်

ဤစာမျက်နှာတွင် လက်ရှိအလုပ်ခေါ်ယူနေသော ကုမ္ပဏီများ၏ အချက်အလက်များကို အသေးစိတ် လေ့လာနိုင်ပါသည်။ အလုပ်အကိုင် အခွင့်အလမ်းများနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များ သို့မဟုတ် ဤနေရာတွင် ဖော်ပြမထားသော အခြားအလုပ်များကို သိရှိလိုပါက ကျွန်ုပ်တို့ထံသို့ အချိန်မရွေး လွတ်လပ်စွာ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ဤစာမျက်နှာတွင် ယခုလက်ရှိအလုပ်ခေါ်စာ များ၏ကုမ္ပဏီအချက်အလက်များကိုအသေးစိတ်မိတ်ဆက်ပေး
နေပါသည်။
အလုပ်အကိုင်အခွင့်အလမ်းများနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များအား ယခု စာမျက်နှာ
တွင် ဖော်ပြမထားပါသောကြောင့်အခြားအလုပ်များကိသိရှိလိုပါကကျွန်ုပ်တို့ထံသို့ အချိန်မရွေး လွတ်လပ်စွာ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ကျွန်ုပ်တို့သည် ကိုချိပြည်နယ်တွင် ကမ္ဘာတစ်ဝှမ်းမှ လာရောက်အလုပ်လုပ်ကိုင်မည့် သူများအားလုံးအတွက် ‌
ကောင်းမွန်‌သော အလုပ်အကိုင်အခွင့်အလမ်းများနှင့်ပတ်သက်သော အကောင်းဆုံးကူညီပံ့ပိုးမှုများကို ပေးအပ်နေပါသည်။
ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများ မတူညီကြသော်နိုင်ငံခြားသားများနှင့် ဂျပန်လူမျိုးများသည် လုပ်ငန်းခွင်တွင်
အဆင်ပြေချောမွေ့စွာ ဆက်သွယ်ပြောဆိုနိုင်ပြီး လုပ်ငန်းခွင်တွင် စိတ်အေးချမ်းသာစွာဖြင့် ပျော်ရွှင်တက်
ကြွစွာလုပ်ကိုင်နိုင်ရန်အတွက် ကုမ္ပဏီနှင့် ဝန်ထမ်းများအကြားတွင် အသေးစိတ် အကြံဉာဏ်များနှင့်
 ပံ့ပိုးမှုများကိုအစွမ်းကုန်ဆောင်ရွက်ပေးသွားပါမည်။
ဂျပန်နိုင်ငံ၏ အဆင့်မြင့်နည်းပညာများ၊ စံနမူနာယူထိုက်သော စည်းကမ်းစနစ်များနှင့် အစဥ်အမြဲလှပသပ်ရပ်
စွာရှိသော ပတ်ဝန်းကျင်ကောင်းများကို လုပ်ငန်းခွင်တွင် တိုက်ရိုက်သင်ယူခြင်းဖြင့် နောင်တစ်ချိန် မိခင်နိုင်ငံသို့ ပြန်လည်ရောက်ရှိသည့်အခါတွင်လည်း ဂျပန်နိုင်ငံတွင် ရရှိခဲ့သော အတွေ့အကြုံများကို ပြန်လည်အသုံးချပြီး
 မိခင်နိုင်ငံတွင်ပိုမိုသာယာဝပြောသော လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မည့် ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် ကျွန်ုပ်တို့မှ စိတ်ရင်းစေတနာအပြည့်ဖြင့် အစွမ်းကုန်ကူညီပံ့ပိုးပေးသွားပါမည်။

ကျွန်တော်တို့၏ ဝန်ဆောင်မှုလုပ်ငန်းစဥ်များ

သင့်အတွက် အသင့်တော်ဆုံးသော ကုမ္ပဏီကို ရှာဖွေပေးခြင်း

ကျွန်ုပ်တို့သည် ရှီကိုးခုဒေသ (Shikoku region) ရှိ ကုမ္ပဏီများနှင့် နက်ရှိုင်းသော ယုံကြည်မှုများကို တည်ဆောက်ထားပါသည်။ ကျွန်ုပ်တို့သည် သင့်အား အလုပ်တစ်ခု မိတ်ဆက်ပေးရုံသာမက လုပ်ငန်းခွင်၏ ပတ်ဝန်းကျင် အခြေအနေနှင့် ထိုဒေသ၏ နေထိုင်မှုပုံစံများအထိ အသေးစိတ် သိရှိနားလည်ထားပါသည်။ ထို့ကြောင့် သင်၏ ဆန္ဒများ၊ ကျွမ်းကျင်မှုများနှင့် အကိုက်ညီဆုံးဖြစ်ပြီး ရေရှည်တွင် စိတ်အေးချမ်းသာစွာဖြင့် အလုပ်လုပ်ကိုင်နိုင်မည့် နေရာတစ်ခုရရှိစေရန် ကျွန်ုပ်တို့မှ လမ်းညွှန်ပေးသွားမည် ဖြစ်ပါသည်။

ပြည့်စုံကောင်းမွန်သောဂျပန်ဘာသာစကားနှင့်အသက်မွေးဝမ်းကျောင်းဆိုင်ရာအရည်အချင်းစစ်လက်မှတ်များ
သင်ယူမှုဆိုင်ရာ ပံ့ပိုးမှု

ကျွန်ုပ်တို့သည် သင်၏ယခုလုပ်ဆောင်နေသည့် အလုပ်အတွက်သာမကသင်၏အနာဂတ်အခွင့်အလမ်းများကိုပါ
ပိုမိုမြှင့်တင်ပေးနိုင်မည့် ပံ့ပိုးမှုများကိုလည်းကျွန်ုပ်တို့မှအစွမ်းကုန် ဆောင်ရွက်ပေးသွားပါမည်။
နေ့စဉ်သုံး စကားပြောမှစ၍ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) ကဲ့သို့သော လက်မှတ်များ ရရှိစေရန်အတွက်ပါ သင်ယူမှုဆိုင်ရာ ပံ့ပိုးမှုများအထိ၊ အလုပ်လုပ်ရင်းနှင့် မိမိကိုယ်ကို အရည်အချင်း မြှင့်တင်နိုင်မည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးပြီး ဂျပန်နိုင်ငံတွင် ကောင်းမွန်သော အသက်မွေးဝမ်းကျောင်းမှု (Career) တည်ဆောက်နိုင်ရန် အတူတကွ ကြိုးစားပေးသွားပါမည်။

ဒေသအခြေစိုက်ကုမ္ပဏီဖြစ်၍  ယုံကြည်စိတ်ချရသော ပံ့ပိုးကူညီမှု

ဂျပန်နိုင်ငံရှိ နေထိုင်မှုဘဝတွင် စိုးရိမ်ပူပန်မှုများ ရှိနေနိုင်သော်လည်း ကျွန်ုပ်တို့သည် မှတ်ပုံတင်ထားသော ပံ့ပိုးကူညီမှုအဖွဲ့အစည်း (Registered Support Organization) အဖြစ် ဒေသတွင်း တိုက်ရိုက်ပံ့ပိုးကူညီမှုများကို အလေးထားဆောင်ရွက်ပေးလျက်ရှိပါသည်။ အခက်အခဲရှိသည့်အခါတိုင်း ချက်ချင်းတိုင်ပင်ဆွေးနွေးနိုင်သည့် စနစ်ကို ပြင်ဆင်ထားသောကြောင့် သင်၏ ဂျပန်နိုင်ငံရှိ ဘဝသစ်ကို ကျွန်ုပ်တို့မှ အနီးကပ် ကူညီပံ့ပိုးပေးသွားပါမည်။

သင့်အတွက် အသင့်တော်ဆုံးဖြစ်စေမည့် ကုမ္ပဏီ ကိုရှာဖွေမိတ်ဆက်ပေးခြင်း

ကျွန်ုပ်တို့ကုမ္ပဏီသည်ရှိကော်ခု (Shikoku) ဒေသတွင်းရှိ ကုမ္ပဏီများနှင့် ခိုင်မာသောယုံကြည်မှုများတည်
ဆောက်ထားပါသည်။ 
အလုပ်အကိုင်ကောင်းအား မိတ်ဆက်ပေးရုံသာမက လုပ်ငန်းခွင် ပတ်ဝန်းကျင်နှင့် ထိုဒေသ၏နေထိုင်ရ အဆင်
ပြေမှုများကိုပါ အသေးစိတ် သိရှိနေသောကြောင့် သင်၏ ဆန္ဒနှင့် သင်၏အရည်အချင်းများအတွက်သင်နှင့် အသင့်တော်ဆုံးဖြစ်ပြီး ဂျပန််နိုင်ငံတွင်ရေရှည် စိတ်အေးချမ်းသာစွာ၊ပျော်ရွှင်စွာ အလုပ်လုပ်နိုင်မည့် အလုပ်
နေရာကိုရှာဖွေပြီးလမ်းညွှန်ပေးသွားပါမည်။

ဂျပန်နိုင်ငံရောက်ရှိနေပြီးလုပ်ငန်းခွင်များတွင် ကြိုးစားနေကြသော
နိုင်ငံခြားသားဝန်ထမ်းများ၏စကားသံများ

  • စိုဘတ်ခေါက်ဆွဲဆိုင်တွင် အလုပ်လုပ်နေသော မြန်မာဝန်ထမ်း

ဟိုချီခရိုင် နန်ကိုခုမြို့ရှိ ဆော့ဘားခေါက်ဆွဲဆိုင်

/သတ်မှတ်ကျွမ်းကျင်လုပ်သား (စားသောက်ကုန်ဝန်ဆောင်မှု)

/နိုင်ငံသား - မြန်မာ

/ဂျပန်သို့ရောက်ရှိသည့်နှစ် - ၂၀၂၂

ဂျပန်နိုင်ငံသို့ မလာရောက်မီအချိန်က ကျွန်မ နေ့တိုင်း စိုးရိမ်ပူပန်မှုများ ရှိခဲ့ပါသည်။ ဂျပန်ရိုးရာ ဆော့ဘားခေါက်ဆွဲဆိုင်များ၏ ဓာတ်ပုံများကိုကြည့်ပြီး "ကျွန်မရဲ့ ဘာသာစကားအရည်အချင်းနဲ့ ယဉ်ကျေးမှုတွေက တကယ်ပဲ အဆင်ပြေပါ့မလား" ၊ "ဂျပန်နိုင်ငံရဲ့ အလုပ်ခွင်ပုံစံနဲ့ရော အသားကျနိုင်ပါ့မလား" ဆိုပြီး စဉ်းစားပူပန်ခဲ့မိပါတယ်။

ဒါပေမဲ့ ရှီကိုးခုဒေသမှာ ဘဝသစ်စတင်တဲ့အခါ ဆိုင်ရှင်နဲ့ လုပ်ဖော်ကိုင်ဖက်တွေက ကျွန်မကို မိသားစုဝင်တစ်ယောက်လို နွေးထွေးစွာ ကြိုဆိုခဲ့ကြပါတယ်။ နည်းပညာသုံးစကားလုံးတွေများတဲ့ ဟင်းချက်တဲ့အလုပ်မှာတောင် သူတို့က ကျွန်မကို စိတ်ရှည်လက်ရှည်နဲ့ အသေးစိတ် သင်ကြားပေးခဲ့ကြပါတယ်။

ဆိုင်ကလူတိုင်းရဲ့ ပုံမှန်တိုင်ပင်ဆွေးနွေးပေးမှုတွေနဲ့ ဂျပန်စာသင်ကြားရေး ကူညီမှုတွေကြောင့် အခုဆိုရင် စားသုံးသူတွေကို ဝန်ဆောင်မှုပေးတဲ့အခါ "အရိဂါတိုး (ကျေးဇူးတင်ပါတယ်)" လို့ ပြန်လည်ပြောကြားခံရတာက ကျွန်မအတွက် အကြီးမားဆုံး ပျော်ရွှင်မှုဖြစ်လာပါတယ်။

အစပိုင်းမှာ စိုးရိမ်မှုတွေအပြည့်ရှိခဲ့ပေမဲ့ အဘက်ဘက်က ကူညီပံ့ပိုးမှုတွေနဲ့ ဒေသခံတွေရဲ့ ကြင်နာမှုတွေကြောင့် ဂျပန်နိုင်ငံကို သတ္တိရှိရှိ လာရောက်ခဲ့တာ တကယ်ပဲ မှန်ကန်ခဲ့တယ်လို့ အခုတော့ စိတ်ရင်းနဲ့ ခံစားနေရပါတယ်။

ဟိုချီမြို့ရှိ ဟိုတယ်

/သတ်မှတ်ကျွမ်းကျင်လုပ်သား (တည်းခိုနေထိုင်ရေးဝန်ဆောင်မှု)

/နိုင်ငံသား - နီပေါ

/ဂျပန်သို့ရောက်ရှိသည့်နှစ် - ၂၀၂၂

"နီပေါနိုင်ငံမှာ လေ့ကျင့်ပျိုးထောင်ခဲ့တဲ့ ကျွန်မရဲ့ ဧည့်ဝတ်ပြုမှု ကျွမ်းကျင်မှုတွေက ဂျပန်နိုင်ငံမှာရော တကယ်ပဲ အသုံးဝင်ပါ့မလား" ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့အတူ ဂျပန်ကို ရောက်ရှိလာတဲ့အခါ ကျွန်မကို စောင့်ကြိုနေတာကတော့ ကျွန်မ ထင်မှတ်ထားတာထက် ပိုမိုနက်ရှိုင်းတဲ့ "အိုမိုတေနာရှိ (Omotenashi)" ဆိုတဲ့ ဂျပန်ရိုးရာ ဧည့်ဝတ်ပြုမှု လောကကြီးပဲ ဖြစ်ပါတယ်။

အစပိုင်းမှာတော့ ယဉ်ကျေးသောစကားပြောဆိုမှု (Keigo) အသုံးအနှုန်းတွေကြောင့် အခက်တွေ့ခဲ့ရပြီး မိမိရဲ့ စိတ်ရင်းစေတနာကို စကားလုံးနဲ့ ဖော်ပြလို့မရတဲ့အတွက် ဝမ်းနည်းအားငယ်ခဲ့ရတဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်။ အဲ့ဒီလိုအချိန်မျိုးမှာ လုပ်ငန်းခွင်က စီနီယာတွေက "မင်းရဲ့အပြုံးက အကောင်းဆုံးပဲ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါ" လို့ အားပေးခဲ့ကြပါတယ်။ ကျွန်မရဲ့ တစ်ဦးချင်းစီကွဲပြားတဲ့ ပင်ကိုယ်စရိုက်ကိုလည်း အသိအမှတ်ပြုပေးပြီး လှပတဲ့ အမူအရာနဲ့ စကားပြောဆိုပုံတွေကို တစ်ခုချင်းစီ စိတ်ရှည်လက်ရှည် သင်ကြားပေးခဲ့ကြပါတယ်။

လုပ်ငန်းခွင်က ဝန်ထမ်းအားလုံးကလည်း ကျွန်မရဲ့ အသားမကျသေးတဲ့ ဂျပန်နိုင်ငံက နေထိုင်မှုဘဝကို ကြင်နာစွာ စောင့်ရှောက်ပေးကြပြီး အခက်အခဲရှိတဲ့အခါတိုင်း ချက်ချင်း ကူညီပေးကြပါတယ်။ အဲ့ဒီလို ယုံကြည်စိတ်ချရမှုတွေရှိနေလို့သာ အခုဆိုရင် ကျွန်မဟာ ပရော်ဖက်ရှင်နယ် ဟိုတယ်ဝန်ထမ်းတစ်ယောက်အနေနဲ့ ဧည့်ကြိုကောင်တာမှာ ယုံကြည်မှုအပြည့်နဲ့ ဂုဏ်ယူစွာ ရပ်တည်နိုင်နေတာ ဖြစ်ပါတယ်။

ကမ္ဘာအရပ်ရပ်က ဧည့်သည်တွေဆီကနေ ရရှိတဲ့ "Good job!" ဆိုတဲ့ စကားလုံးလေးဟာ အခုအချိန်မှာတော့ ကျွန်မအတွက် ဘာနဲ့မှမလဲနိုင်တဲ့ အဖိုးတန်ရတနာတစ်ခုပါပဲ။

  • S__11018244_edited.jpg
  • ခရီးသွားလုပ်ငန်းတွင် အလုပ်လုပ်နေသော တရုတ်ဝန်ထမ်း

ကော့ချီခရိုင် နန်ကိုကူမြို့၊ ခရီးသွားလုပ်ငန်း (အရောင်း)

/ကျွမ်းကျင်မှု・လူမှုဝေဖန်ရေး・နိုင်ငံတကာလုပ်ငန်း

/နိုင်ငံသား - တရုတ်

ဂျပန်နိုင်ငံက တက္ကသိုလ်တစ်ခုကနေ ဘွဲ့ရခဲ့တဲ့ ကျွန်တော့်အတွက်တော့ အနှစ်သက်ဆုံးဖြစ်တဲ့ ခရီးသွားလုပ်ငန်းနယ်ပယ်မှာ အလုပ်လုပ်ကိုင်ရဖို့က အကြီးမားဆုံး အိပ်မက်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒီအလုပ်မှာ ခန့်အပ်ခြင်းခံရတဲ့အချိန်တုန်းက နေ့ရက်တိုင်းဟာ စိန်ခေါ်မှုအသစ်တွေနဲ့အတူ ရင်ခုန်စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။

လုပ်ငန်းခွင်ထဲ တကယ်တမ်းဝင်ရောက်လုပ်ကိုင်တဲ့အခါမှာတော့ အဲဒီမျှော်လင့်ချက်တွေဟာ ယုံကြည်ချက်အဖြစ် ပြောင်းလဲသွားခဲ့

ပါတယ်။ တရုတ်နိုင်ငံကနေ လာရောက်လည်ပတ်တဲ့ ဧည့်သည်တော်တွေကို လိုက်လံပို့ဆောင်ပေးခဲ့တုန်းက ကျွန်တော်ရဲ့စကားတွေ

ကြောင့် လူတိုင်းပြုံးရွှင်သွားကြပြီး "ကျေးဇူးတင်ပါတယ်" လို့ ဝမ်းသာအားရ ပြောကြားခဲ့ကြတဲ့ ထိုခံစားချက်ကို ဘယ်တော့မှ မေ့နိုင်

မှာမဟုတ်ပါဘူး။

ဘာသာစကားအခက်အခဲကြောင့် အားငယ်မိမယ့်အချိန်မျိုးမှာတောင် အထက်လူကြီးက လက်ဟန်ခြေဟန်

တွေနဲ့ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုပေးပုံတွေကို စိတ်ရှည်လက်ရှည် သင်ကြားပေးခဲ့ပါတယ်။ နားနေချိန်တွေမှာ အားလုံးနဲ့အတူ ရယ်မောပျော်ရွှင်ရတဲ့ အခိုက်အတန့်လေးတွေဟာ အခုဆိုရင် ကျွန်တော့်အတွက် အလုပ်လုပ်ဖို့ အင်အားအသစ်တွေ ဖြစ်စေပါတယ်။

အလုပ်အကိုင်အသစ်များ၏သတင်းအချက်အလက်များ

Inquiries & Applications

Inquiry Type
bottom of page